တနင်္ဂနွေ ၇ ဖေဖော်ဝါရီ 2010
နေရောင်ခြည်မှ ရရှိသော ဗိုက်တာမင် (ဒီ)သည် အမျိုးသားများ၏ လိင်မှုဆိုင်ရာ အရည်အသွေးအပေါ် ကောင်းကျိုး သက်ရောက် သဖြင့် ပုံမှန် နေပူစာလှုမှုမျိုး ပြုလုပ်သင့်ကြောင်း ဩစတြီးယားရှိ ပညာရှင်များက ထောက်ခံပြောဆို ခဲ့ကြသည်။
ဩစတြီးယားနိုင်ငံ ဂရက်ဇီ ဆေးပညာ တက္ကသိုလ်မှ ပညာရှင်များသည် ဗိုက်တာမင် (ဒီ)က အမျိုးသားများ၏ အဖိုဟိုမုန်း ဖြစ်သည့် Testosterone ကို လှုံ့ဆော်နိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ ကြသည်။
ဗိုက်တာမင် (ဒီ)ကို ငါးကြီးဆီနှင့် အချို့သော အသားများမှလည်း ဖြည့်တင်းရရှိနိုင်သည်။ သွေး (၁) မီလီလီတာတွင် ဗိုက်တာမင် ဒီ (၅၀)နာနိုဂရမ်ထက် ပိုမိုမြင့်မားစွာ ပါဝင်သော အမျိုးသားများတွင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်မားစေသည့် Testosterone ပမာဏ သာမန်ထက် (၆၉) ရာခိုင်နှုန်း မြင့်တက်နေကြောင်း ယခု လေ့လာမှုကို ပူးပေါင်းဆောင်ရွက် ခဲ့သည့် ဟော်လန်နိုင်ငံ နေရောင်ခြည်ဆိုင်ရာ လေ့လာရေး အဖွဲ့မှ အက်ဘရင်းက ပြောကြားခဲ့သည်။
Testosterone သည် သုက်ရည် ထုတ်လွှတ်မှု၊ လိင်အင်္ဂါဖွဲ့စည်း တည်ဆောက်မှုတို့တွင် အဓိကကျကျ လိုအပ်နေသော ဟိုမုန်းလည်း ဖြစ်သည်။ လူ၏အရေပြားသည် နေရောင်ခြည်ရှိ ခရမ်းလွန် ရောင်ခြည်မှ ဗိုက်တာမင်(ဒီ)ဓာတ်ကို လက်ခံရယူပြီး ခန္ဓာကိုယ်အတွင်းသို့ ထောက်ပံ့ပေးနိုင်သောကြောင့် ပုံမှန် နေပူစာလှုံသော အမျိုးသားများအနေနှင့် Testosterone လျော့နည်းမှုကြောင့် ဖြစ်နိုင်သော ပန်းသေ၊ ပန်းညှိုးခြင်း ကဲ့သို့ ပြဿနာများကို ရှောင်လွှဲနိုင်မည်ဟု သုတေသီများက ထောက်ခံပြောဆိုလိုက်သည်။
အွန်လိုင်းတွင် ကြည့်ပါ : နေရောင်ခြည်မှ ရသည့် ဗိုက်တာမင် (ဒီ)ကြောင့် အမျိုးသားများ လိင် အရည်အသွေး ပိုကောင်းလာနိုင်