"The press is the enemy" Richard Nixon
HIV/AIDS Health Forum
Home page > ဆောင်းပါး > သွေးလှူရှင်တိုင်း သိမှတ်စရာ

သွေးလှူရှင်တိုင်း သိမှတ်စရာ

Friday 23 October 2009, by Zinyaw

AIDS ရောဂါဖြစ်စေသော HIV ပိုးရှိမရှိကို၊ ရောဂါပိုး၀င်ရောက်ပြီး ၆ လခန့်ကြာမှ၊ ဓါတ်ခွဲစစ်ဆေးကြည့်မှသာ သိရှိနိုင်ပါသည်။ ဓါတ်ခွဲစစ်ဆေး၍ မသိရှိသော်လည်း၊ HIV ပိုးရှိသဖြင့်အဆိုပါသွေးကို သွင်းမိပါက ကူးစက်နိုင်ပါသည်။


See online : သွေးလှူရှင်တိုင်းသိမှတ်စရာ

သွေးလှူရှင်များအား

၁။ ။ မေးခွန်းလွှာဖြေဆိုစေခြင်း၊

၂။ ။ ကျန်းမာရေးစစ်ဆေးခြင်း၊

၃။ ။ ဓါတ်ခွဲစစ်ဆေးခြင်း…တို့သည်

သွေးလှူရှင်၏ ကျန်းမာရေးကို မထိခိုက်စေရေးနှင့် ရောဂါကင်းစင်သော သွေး ရရှိရေးအတွက် အရေးကြီးပါသည်။ ရာနှုန်းပြည့် ရောဂါပိုးကင်းစင်သော သွေးရရှိရေးအတွက် သွေးလှူရှင် ကိုယ်တိုင်က မိမိကိုယ်မိမိ မှန်ကန်စွာ ဆန်းစစ်ခြင်းသည်သာ အဓိကဖြစ်ပါသည်။

AIDS ရောဂါဖြစ်စေသော HIV ပိုးရှိမရှိကို၊ ရောဂါပိုး၀င်ရောက်ပြီး ၆ လခန့်ကြာမှ၊ ဓါတ်ခွဲစစ်ဆေးကြည့်မှသာ သိရှိနိုင်ပါသည်။ ဓါတ်ခွဲစစ်ဆေး၍ မသိရှိသော်လည်း၊ HIV ပိုးရှိသဖြင့်အဆိုပါသွေးကို သွင်းမိပါက ကူးစက်နိုင်ပါသည်။

သွေးလှူခြင်းဖြင့် သင့်တွင် အန္တရာယ်မဖြစ်ရန် လိုအပ်ပါသည်။ သွေးသွင်းခံရသူတွင်လည်း သွင်းသည့်သွေးကြောင့် ရောဂါမဖြစ်ရန် အရေးကြီးပါသည်။ သွေးလှူဒါန်းခြင်းသည် ပျမ်းမျှအားဖြင့် သွေးဖောက်ယူခြင်းအချိန် (၁၀) မိနစ်မှ (၁၅) မိနစ် သာကြာမြင့်ပါမည်။ သို့သော် မှတ်ပုံတင်ခြင်းမှစ၍ အနားယူပြီးချိန်အထိ စုစုပေါင်း (၆၀) မိနစ်ခန့် ကြာမြင့် ပါမည်။

မသန့်ရှင်းသော (ရောဂါပိုးရှိသော) သွေးများ လှူဒါန်းမိပါက HIV ကဲ့သို့သော ရောဂါပိုးများ ကူးစက်နိုင်ပါသဖြင့် ဖဲကြိုးနီ ပရိတ်သတ်အတွက် တင်ပြပေးခြင်း ဖြစ်ပါသည်။

SPIP | template | | Site Map | Follow-up of the site's activity RSS 2.0